ဝန်ခံချက်
ဒီစာမျက်နှာကို စမ်းသပ်ရေးနေတာ ဖြစ်ပါတယ်၊ အဆင်ပြေ/မပြေ ကတော့ တင်ကြည့်မှပဲ သိရမှာပါ။ ယင်းမာပင်မြို့နဲ့ ပတ်သက်တဲ့ စာမျက်နှာတွေ အားလုံးကို ချိတ်ထားတဲ့ စာမျက်နှာလေးတစ်ခုသာသာပါပဲ၊ လောလောဆယ် ကျွန်တော့်ရဲ့ ဒီစာမျက်နှာမှာတော့ ဘာမှ မရေးနိုင်သေးပါဘူး။ အခြား စာမျက်နှာတွေထဲက ကောင်းနိုးရာရာလေးတွေကို ရွေးချယ် ဖော်ပြထားတာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်မြို့လေးအကြောင်း အမှတ်တရလေးတစ်ခု ဖြစ်သွားရင် ကျွန်တော် ကျေနပ်ပါတယ်။
ဘာလိုလိုနဲ့ သင်္ကြန်လည်း နီးလာပြန်ပြီဗျာ ... ၊ အိမ်ပြန်ရဦးမယ်။ အရင်နှစ် သင်္ကြန်တုန်းကတော့ မဏ္ဍပ်တွေ ဘာတွေနဲ့ "ယင်းမာပင်" က မိုက်နေတယ်။ ဒီနှစ်တော့ ရှိမလား မရှိဘူးလား မသိဘူး၊ ဘာပဲပြောပြော ကိုယ်မြို့လေးကိုတော့ ပြန်ရမှာပဲ... အခု ယင်းမာပင် ဥက္ကဋ္ဌ က လူငယ်လည်း လူငယ်၊ တက်လည်း တက်ကြွတယ်လေ၊ အတွင်းရေးမှူးကလည်း ဂီတ ၀ါသနာ ပါပုံ ရပါတယ်။ အောက်မှာ အရင်နှစ်သင်္ကြန်က ဓါတ်ပုံအချို့ကို ကြည့်နိုင်ပါတယ်-

ရပ်ကွက်အလိုက် သင်္ကြန်ယိမ်းအဖွဲ့များ ကပြဖျော်ဖြေရန် စောင့်ဆိုင်းနေစဉ် . . .

ကိုယ်တိုင် ဂီတာတီးပြီး သီချင်းဆိုနေတာကတော့ ယင်းမာပင်မြို့နယ် အတွင်းရေးမှူး ဖြစ်ပါတယ်။





ဒီပုံလေးကတော့ သင်္ကြန်အကြိုနေ့ ဖွင့်ပွဲ အခမ်းအနား ဖြစ်ပါတယ်။
Posted By:DaywalkerLabels: chalking, news, thingyan

ဇီးတောချောင်းရေများချိန် ဘုရားဖူးကားများ သွားလာရန်ခက်ခဲ
ယင်းမာပင်၊ ပွင့်လင်းရာသီတွင် အလောင်းတော် ကဿဖ၊ ဖိုလ်ဝင်တောင်၊ ရွှေဘတောင်၊ ဘုရားဖူးခရီးစဉ်အဖြစ် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးကားများ လာရောက်မှုများပြားရာ အလောင်းတော် ကဿဖ မှ ဖိုလ်ဝင်တောင်၊ ရွှေဘတောင်သို့ သွားရာတွင် ဘုရားဖူးကားများအနေဖြင့် ဇီးတော ယမားချောင်းကို ဖြတ်သန်းသွားလာကြရာ ယမားရေကျချိန်တွင် ချောင်းပြင်ကျယ်ကာ ရေစီးသန်သဖြင့် ဘုရားဖူးကားများ မှာ သွားလာရန် ခက်ခဲကြောင်း သိရသည်။
အလောင်းတော် ကဿဖဘုရားဖူးခရီးသွားကားများ အနေဖြင့် မုံရွာမှ အလောင်းတော်ကဿဖ သို့ သွားရာ တွင် မုံရွာမှ ကပိုင်ရွာအထိ ၃၈မိုင်၊ ကပိုင်ရွာမှ အလောင်းတော်ကဿဖ ၂၁မိုင် တောင်ပေါ်ခရီး မောင်းနှင်ရသည်။ အလောင်းတော် ကဿဖမှ ဖိုလ်ဝင်တောင်သို့ ဆက်လက်ထွက်ခွာရာတွင် အလောင်းတော် ကဿဖ မှ ကပိုင်ရွာ ၂၁မိုင်၊ ကပိုင်ရွာမှ ယင်းမာပင် ၁၇မိုင်၊ ယင်းမာပင်မှ ဖိုလ်ဝင်တောင် ခြောက်မိုင်ခန့် သွားရ သည်။ ကပိုင်ရွာ နှင့် ယင်းမာပင်မြို့အကြား ဇီးတောရွာ အနီးတွင် ဇီးတောယမားချောင်းရှိရာ အဆိုပါ ယမားချောင်း မှာ ရေကျချိန်တွင် တဟုန်ထိုးရေစီးဆင်းခြင်း၊ ရေပြင်ကျယ်ခြင်းများ ရှိသည်။
ပွင့်လင်းရာသီတွင် ဇီးတောရွာမှ စေတနာရှင်များက ယမားအတွင်း ကားများသွားလာနိုင်ရန် လမ်းဖောက် ထားရာ ရေစီးရေလာများချိန် မဟုတ်သဖြင့် မော်တော်ကားများ အခွံချည်းမောင်းနှင် ဖြတ်သန်းသွားလာ နိုင်သည်။ "ရေအကျများချိန်မှာတော့ ကားတွေကို ပေးမလွှတ်ပါဘူး။ ယမားအထက် ပုံတောင်ပုံညာတောင်မှာ မိုးရိပ်ရှိရင်ပဲ စိုးရိမ်ရပါတယ်။ ယမားရေဆိုတာ ကျလာရင် အလုံးအရင်း စီးတာပါ။ ဒီရာသီမှာတော့ ဖြစ်တောင့်ဖြစ်ခဲ ကြုံရခဲပါတယ်။ ကဆုန်လကုန်၊ နယုန်လမှာတော့ တောင်ပေါ်မှာ မိုးစရွာပြီမို့ စိုးရိမ်ရပါပြီ" ဟု ကားများ ဖြတ်သန်းသွားလာရာတွင် လမ်းပြုပြင်စရိတ် အလှူခံနေသူတစ်ဦးက ပြောသည်။
From - Yangontimes Journal [27-3-08] ၊
သတင်းတင်ပြသူ - လှိုင်ထွေးအောင်
Via: http://www.yangonmedia.com(ရန်ကုန်တိုင်းမ် ဂျာနယ်) Labels: news, yinmarbin

- First Download the Font File [Here].
- Second, It's in Zip format, so you need to Unzip with WinRar Software.
- Third, Copy these fonts and Place in C:\windows\fonts or Start>Control Panel>Fonts
- Fourth, Refresh your browser or press Clt+F5
- Fifth, If you still couldnt see Myanmar Fonts properly, Just restart your PC.
- Enjoy , or take a rest.
Via:
http://nyilinnseck.blogspot.com
How to do to See Myanmar Fonts in Browser
- You should use Firefox web-browser to open myanmar blogs.
- And you must have Zawgyi One font in your computer.
- If you cannot see myanmar font although you have Zawgyi One (or)Zawgyi 1 font in your computer.
Do Like this in Firefox browser........
- Tools - Options - [ Then choose "Content Tag"]
- And click " advance buttom", change all fonts to Zawgyi One (or) Zawgyi -1 in serif and sans-serif.
- Press OK.
Posted By:Daywalker
To Type Zawgyi Font
Fist, install the Zawgyi Font Inastller [Link]။
If your computer have other unicode font,please uninstall it.After installing Zawgyi Font -
1. Control Panel > Regional and Language
2. Choose the "Language" buttom from the Regional Language Box.
3. Language > Detail
In this Box, you can see the 'Zawgyi Keyboard' as Default Input Language.
After that -
4. Preference > Language Bar
5. Fill the tips in Check-box to use Keyboard in Desktop .
6. Press OK.
Now you can see "Zawgyi Keyboard" in Window start bar. It is near the time icon.
7.To type myanmar language,press " Clt+Shift ". To type English language ,press again " Clt + Shift ".
[To change language between Myanmar and English ,press " Clt + Shift ".]
Note - Zawgyi Keyboard work correctly in
FIrefox 1.0.5.1 .
If you want to more about Installation,Go to here
[
Zawgyi Font Installation ]
Via:
http://nyilinnseck.blogspot.com
ယင်းမာပင်မြို့လေးဟာ ၀န်ထမ်းမြို့လေးတစ်မြို့ ဖြစ်တဲ့အတွက် ဘယ်ကိစ္စမဆို ခေတ်နောက် ကျတော့ ကျန်နေခဲ့လေ့ မရှိပါဘူး။ ပညာရေးကို အလေးထားတဲ့ ဓလေ့လေးလည်း ရှိတာကြောင့်ပါ။
ဒီမြို့လေးထဲကနေ ထွန်းထွန်းပေါက်ပေါက် ဘယ်သူတွေရှိလဲလို့ စဉ်းစားကြည့် တဲ့အခါ အတော်များများကို တွေ့ရပါတယ်။ (တစ်ချို့ဆို ပြည်ပမှာရောက်ပြီး အဆင်ပြေနေကြတဲ့ အထိ ပါပဲ၊ ပညာရှင်လို
ထွက်သွားတာမျိုးပါ။ ရိုးရိုး အလုပ်နဲ့ထွက်သွားတာတောင် မဟုတ်ပါဘူး။) ဒါပေမယ့် အဲဒီလူတွေထဲက မြို့လေးကို ပိုပြီးတိုးတက်လာအောင် ပြန်လည်ပံ့ပိုးပေးနိုင်တဲ့သူကို ရွေးထုတ် ကြည့်တဲ့ အခါမှာတော့
လက်တစ်ဖက်တောင် မပြည့်ချင်တော့ ပါဘူး။ (ကျွန်တော် မသိတာ လည်း ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် သေချာတာကတော့ တော်တော်နည်းပါတယ်။)
သူတို့တွေဟာ ကိုယ့်ဇာတိမြို့ကလေးကို မေ့နေလို့တော့ မဟုတ်လောက်ပါဘူး၊ စိတ်ကူး မရကြတာရင်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ "ကျားကြီးတော့ ခြေရာကြီးတယ်"တဲ့၊ ဒါတွေလည်း ပါမှာပေါ့ ။
ကျွန်တော်ကိုယ်တိုင်လည်း မြို့လေးရဲ့ အသုံးမကျသူများ စာရင်းမှာ ထိပ်ဆုံးက ပါနေဆဲ ပါပဲ။
အဲဒီလို မရှိသလောက်ရှားတဲ့ မြို့ကလေးကို ပြန်လည်ပံ့ပိုး ပေးနိုင်သူများထဲမှာ ကျွန်တော် လေးစားသူ တစ်ယောက်ကတော့ (အန်တီ)ဒေါ်မိမိလေး ဖြစ်ပါတယ်။ ကျွန်တော် သူမကို အပြင်မှာ မရင်းနှီးပါဘူး၊
တစ်မြို့တည်းနေသူချင်းမို့ သိတော့သိပါတယ်။ (ဒါပေမယ့် တစ်မြို့တည်းသား အချင်းချင်း သာမန်သိတာမျိုးပါ။) ကျွန်တော်သိသလောက် သူမဟာ ကျန်းမာရေး သိပ်မကောင်းလှ ပါဘူး။ မန္တလေး၊ မုံရွာကို
တစ်လတစ်ခါလောက်သွားပြီး ဆေးခန်းပြနေရတတ်ပါတယ်။
မဂ္ဂဇင်းတွေမှာ ပါ,ပါလာတတ်တဲ့ သူ့စာတွေအရ စာပေကို ၀ါသနာပါမှန်းတော့ သိခဲ့ရပါတယ်။ အဲဒီအချိန်မှာ ကိုယ်က ကိုးတန်း၊ ဆယ်တန်း .... ကဗျာလေး ဘာလေး စပြီးရေးကာစ ... ။ သူ့လို မဂ္ဂဇင်းမှာ စာရေးနေသူ
တစ်ယောက် ကို အားတော့အားကျတာပေါ့ ။ ဒါပေမယ့် ...... ဒီလောက်ကြီး အထင်ကြီး လေးစား တာမျိုးတော့ မဟုတ်သေးဘူး။
ဒီလိုနဲ့ ကျွန်တော် ဆယ်တန်းအောင်ပြီး မြို့လေးကနေ ထွက်ခဲ့ပါတယ်။ ကဗျာတွေ၊ စာတွေ နဲ့ရော မြို့လေးနဲ့ပါ တော်တော်လေး ဝေးသွားခဲ့တယ်။ မထင်မှတ်ဘဲ မြို့လေးကို ပြန်ရောက် တော့ သူမ
ဦးဆောင်ပြီး ဖွင့်ထားတဲ့
"
စိမ်းလန်းသစ်ပင်
"
စာကြည့်တိုက် နဲ့ အတူ စာပေ ဟောပြောပွဲတွေ
ကျင်းပလို့ မြို့လေးဟာ အရမ်းကို လှနေပါတယ်။ ကျွန်တော်တို့ ကဗျာအရူးထ တုန်းက လိုချင်တဲ့စာအုပ်ရှိတိုင်း မုံရွာတက်ရ၊ လူကြုံမှာရ နဲ့ ။ အခုလို စာကြည့်တိုက်လေး တစ်ခုကို စိတ်ကူးယဉ်ခဲ့ကြ ဖူးပါတယ်။
နောက်ပြီး ကိုယ်ကြိုက်တဲ့ စာရေးဆရာတွေဆိုတာ ဂျိုကြီးတွေနဲ့လား၊ မြေလျှိုးမိုးပျံတဲ့ သူတွေလား ...
ကျွန်တော်တို့ သေချာသိခွင့် မရခဲ့ကြပါဘူး။ အခုတော့ စာပေဟော ပြော ပွဲတွေ နှစ်စဉ်ရှိလာပြီး စာရေးဆရာတွေကိုလည်း မြို့သူမြို့သားတွေ မြင်တွေ့ခွင့် ရသွားကြပါပြီ။
ဒါပေမယ့် စိတ်မကောင်းစရာ တစ်ခုကတော့ (အန်တီ) ဒေါ်မိမိလေးဟာ ခရီးလမ်းတစ်ဝက်မှာပဲ လမ်းခွဲထွက်ခွာ သွားခဲ့ပါတယ်။ ဟုတ်ပါတယ် ---- သူမ ဆုံးပါးသွားခဲ့တာ အခုဆိုရင် တစ်နှစ်နီးပါး လောက် ရှိသွားပါပြီ။
(မြို့ကလေး အတွက် နှမြောစရာ ကောင်းတဲ့ အဖိုးတန် လူတစ်ယောက်ပါ။) သူမ ဦးဆောင် တည်ထောင်ခဲ့တဲ့
"
စိမ်းလန်းသစ်ပင်
"
စာကြည့်တိုက် လေးကတော့ ရှိနေဆဲပါပဲ၊ စာပေ ဟောပြောပွဲ တွေလည်း နှစ်စဉ်ကျင်းပမြဲပါပဲ။
အရင်က ယင်းမာပင်မြို့မှာ စာအုပ်အငှားဆိုင်တွေ တော်တော် အလုပ်ဖြစ်ခဲ့ပါတယ်။ အခု နောက်ပိုင်း
"
စိမ်းလန်းသစ်ပင်
"
လည်း ဖွင့်လိုက်ရော တော်တော်လေးကို အခြေပျက် သွားကြပါတယ်၊ တစ်ချို့ ဆိုင်တွေဆို....ပိတ်လိုက်ရတဲ့ အထိပါပဲ။ ဘာဖြစ်လို့လည်း ဆိုတော့ အသင်းဝင်ကြေး နဲ့ ငှားခမှာ အသင်းဝင်ကြေးက သက်လည်းသက်သာတယ်၊ နောက် ဗဟုသုတ စာအုပ်တွေလည်း "စိမ်းလန်းသစ်ပင်" မှာ ပိုများတယ်၊ ပိုလည်း စုံတယ်လေ...။
ဒီအတွက် ကျွန်တော် (အန်တီ)ဒေါ်မိမိလေး ကို အထူး ကျေးဇူးတင် လေးစားမိပါတယ်။ (ဒါကြောင့် ဒီယင်းမာပင်မြို့ ဘလော့လေး
ကနေ ဒီပို့စ်လေးနဲ့ မှတ်တမ်းတင် ဂုဏ်ပြုလိုက်ရပါတယ်။)
"
စိမ်းလန်းသစ်ပင်စာကြည့်တိုက်"
လေးလည်း ထာဝစဉ် တည်တံ့နိုင်ပါစေ လို့လည်း ဆန္ဒပြု လိုက် ရပါတယ်။
သူမ ရေးထားတဲ့ ဆောင်ပါးတစ်ပုဒ်ကို မဂ္ဂဇင်းတစ်အုပ်မှာတွေ့လို့ ကျွန်တော် စာစီပြီး ရိုက်ထား ပါတယ်။ သူမရဲ့ စာပေအရေးအသား ကို ဖတ်ချင်တဲ့သူများ
ဒီမှာသွား၍ (Download) လုပ် ရယူနိုင် ပါတယ်။
Via: http://yinmarbin.blogspot.com
အညာသား (၀ါ) အလယ်ကလူ
အညာဆိုတာကို ဘယ်ဒေသကနေ ဘယ်ဒေသအထိ သတ်မှတ်လဲတော့ သေချာမသိဘူး၊ ရန်ကုန်က လူတွေက မန္တလေးကို အညာခေါ်တယ်၊ မန္တလေးကလည်း မုံရွာဖက်ကို ပြန်ပြီး "အညာ" လို့ ခေါ်ပြန်တယ်။
မုံရွာကတော့ ကျွန်တော်တို့ဖက်ကို ပြန်ပြီး 'အညာ' လို့ မခေါ်တော့ဘူး၊ သူတို့ဆီ သွားရင် တော့သားတွေလာပြီ တဲ့ ............ ။
စာတွေထဲမှာတော့ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွေကို 'အညာ' လို့ ခေါ်တယ်လို့ ဖတ်ဖူးပါတယ်။ အဓိကကတော့ ပုဂံ ကို အခြေပြုပြီးတော့ ခေါ်တာပါတဲ့ ၊ ဒါကြောင့် အရင်တုန်းက အညာသားတွေကို ပုဂံသားတွေလို့လည်း
ခေါ်ခဲ့တယ်လို့ ပြောပါတယ်။ ရန်ကုန်လို မြန်မာနိုင်ငံ အောက်ပိုင်းဒေသက လူတွေကိုတော့ "အကြေသား" လို့ ခေါ်ကြတယ်တဲ့ ၊ "အညာ" နဲ့ "အကြေ" ပေါ့ (ဒါက အရင်ကပါ။)။ ကျွန်တော်တို့ဆီက ရန်ကုန်ဖက်ကို အောက်ပြည်အောက်ရွာ လို့လည်း
ခေါ်ခဲ့ကြဖူး ပါတယ်၊ အရင်တုန်းက သီချင်းဟောင်းတွေမှာ ပြန်ကြည့်ရင် တွေ့ရမှာပါ။
"အညာ"ကို မြန်မာ-အင်္ဂလိပ် အဘိဓာန်ထဲမှာတော့ ဧရာဝတီမြစ်အထက်ပိုင်းကို အညာလို့ သတ်မှတ်တယ်လို့ ရေးပါတယ်၊
"အညာ" နဲ့
"အညာသား"
ကို ဒီလို အဓိပ္ပါယ်ဖွင့်တာ တွေ့ရပါတယ်-
အညာ ၂
/ anji / n 1 upriver,upcountry ( region adjoining the upper reaches of the Ayeyarwady river ) 2 upwind side.cf အကြေ ၁
အညာသား
/ anja dha: / n 1 person,especially a man hailing from upcountry. 2 [ archeology ] late paleolithic.man of Myanmar.
" အကြေ " နဲ့
ပတ်သက်ပြီးတော့ အောက်ပါအတိုင်း အဓိပ္ပါယ် ဖွင့်ပါတယ် -
အကြေ ၁
/ anji / n 1 land,region or area downriver. cf အညာ၂. 2 downwind or leeward side ( as in လေ~).
အကြေအညာ
/ akjei anji / n the entire country; length and breadth of the country.
ဒီလိုဆိုတော့ အညာသားတွေကို အလယ်ကလူ လို့ ခေါ်နေကြတာ မှားနေမလား၊ အမှန်က အထက်ကလူလို့ ခေါ်ချင်ခေါ် ဒါမှမဟုတ် အပေါ်ကလူလို့ ခေါ်ရမှာမို့လား ...... ။
Posted By:
D
a
y
w
a
l
k
e
r
I know this feature in these days.It is simple and cool,we can chat in Gtalk Like Chat Room.
This Gtalk Group Chat is written by a servant of Google, Akshay Patil in December 2005 .Let it be .......Let's go to the point -
- At first,add this account partychat@gmail.com in your gtalk.
- partychat will appear and show you with green light signal. [ If you cannot see partychat with green light signal in your Gtalk account ,
you can add again partychat1 [
From 1 to 9 ]
- If you can see partychat with green light signal in you Gtalk account, it is ready to chat. You need to enter the Chat room .
You must know Room name and Password of Chat Room you want to enter.
Click on to the Partychat@gmail.com ,and then type the following sentence -
- /join RoomName Password
- In this sentence /join is a command .
- RoomName is the name of Chat-room you want to enter.
Password is the password of Chat-room you want to enter.
Name and Password of our Yinmarbin Chat Room are
Room Name=Yinamarbintown နဲ့
Password = nativetown You can type like this -
- /join Yinmarbintown nativetown
- In this sentence /join is a command .
- Yinmarbintown is the name of Yinmarbin Chat-room.
nativetown is the password of Yinmarbin Chat-room.
There are some commands to use after arriveing in Chat Room,just as I know.They are following -
/join RoomName Password (To enter a Chat Room)
/alias Nickname (To change your name as you like)
/list (To see the numbers of members in this Chat Room)
/whisper Name (To see your message only one person you want to konw)
/leave (To leave Chat Room )
Gtalk ရဲ့ Feature တွေကို ကောင်းသထက်ကောင်းလာအောင် သူများတွေ လုပ်လာ နေကြတဲ့အထဲက ကိုယ်သဘော့ကျတာလေးတွေ ယူသုံးရင်: ကျေနပ်နေရတဲ့ ဘ၀မှာလည်း .... အင်း နေတော့ နေပျော်ပါတယ်။
ကျွန်တော်တို့ရဲ့ ယင်းမာပင်မြို့ ကနေ ထွက်လာကြတဲ့ သူတွေ အချင်းချင်း ဘယ်လိုဆက်သွယ်လို့ ရမလဲလို့ ဟိုလျှောက်လုပ် ဒီလျှောက်လုပ်,လုပ်နေတာ ကြာသွားပြီ ၊ Python နဲ့ ရေးတဲ့ Conference bot [ Gtalk Chat-bot]
လည်း စမ်းဖူးပြီးသွားပြီ။ မရပါဘူး၊ ကိုယ်ကလည်း တော်တော် တုံးတာကိုး .... ။
ကျွန်တော်တို့မှာ သုံးစရာ အီးမေးလ် က သိပ်များများ စားစား မရှိလှပါဘူး၊ ဂျီမေးလ် ပဲ ရှိတာမို့လား ....။ ဒီတော့ ဂျီမေးလ် ကိုပဲ အခြေခံပြီး တွေ့ရ၊ ဆက်သွယ်ရ မှာပဲလေ ... ။
ဒါလေးကို ကျွန်တော်လည်း သိတာ သိပ်မကြာသေးဘူး .... ၊ Gtalk မှာ အုပ်စုလိုက် Chatting လုပ်လို့ ရနိုင်မယ့် Feature တစ်ခုပါ၊ ရိုးစင်းလွယ်ကူပါတယ်။
ဒီ Gtalk Group Chat ကို Google ၀န်ထမ်း တစ်ဦးဖြစ်တဲ့ Akshay Patil ဆိုသူက December 2005 မှာ စတင် ရေးသားခဲ့ခြင်းဖြစ်ပါတယ်။ တော်ပြီဗျာ... လိုရင်းကိုပဲ သွားရအောင် -
- ပထမဦးဆုံး အနေနဲ့ကတော့ gtalk မှာ partychat@gmail.com ကို မိမိသူငယ်ချင်းများကို chatting လုပ်ဖို့ ဖိတ်ကြားသလိုဘဲ Add လုပ်လိုက်ပါ။
- partychat ဟာ ချက်တင် ပြုလုပ်ဖို့အတွက် မီးအစိမ်းလေး လင်းလာပါလိမ့်မယ်။ [ တကယ်လို့ မီးအစိမ်းလေး လင်းမလာခဲ့ရင် partychat1 စသည့်ဖြင့် 1 မှ 9 အထိ ထပ်ပြီး Add ကြည့်ပါ။ ]
- မီးအစိမ်းလေး လင်းလာပြီးဆိုရင် ချက်ဖို့ အသင့်ဖြစ်နေပါပြီ။ Chat room ထဲကို ဆက်ဝင်ဖို့ တစ်ဆင့်ပဲ ကျန်ပါတော့မယ်။
ကိုယ် ၀င်ချင်တဲ့ Chat Room ကို ၀င်ဖို့ Room Name နဲ့ Password ကိုတော့ သိနေရမှာ ဖြစ်ပါတယ်။
Partychat@gmail.com ပေါ်မှာ ကလစ် တစ်ချက် နှိပ်လိုက်ပါ။ ပြီးရင် Chat Room ထဲဝင်ဖို့ အောက်ပါအတိုင်း ရိုက်လိုက်ပါ -
- /join RoomName Password
- ဒီစာကြောင်းမှာ /join ဟာ command ဖြစ်ပါတယ်။
- RoomName ကတော့ ကိုယ်ဝင်ချင်တဲ့ Chat-room ရဲ့ နာမည် ဖြစ်ပါတယ်။
- Password ကတော့ ကိုယ်ဝင်ချင်တဲ့ Chat-room ရဲ့ Password ဖြစ်ပါတယ်။
ကျွန်တော်တို့ ယင်းမာပင် Chat Room ကတော့
Room Name=Yinamarbintown နဲ့
Password = nativetown ဖြစ်ပြီး အောက်ပါအတိုင်း ရိုက်ရမှာ ဖြစ်ပါတယ် -
- /join Yinmarbintown nativetown
- ဒီစာကြောင်းမှာ /join ဟာ command ဖြစ်ပါတယ်။
- Yinmarbintown ကတော့ ယင်းမာပင်Chat-room ရဲ့ နာမည် ဖြစ်ပါတယ်။
- nativetown ကတော့ ယင်းမာပင်Chat-room ရဲ့ Password ဖြစ်ပါတယ်။
ကိုယ်ဝင်ချင်တဲ့ Chat Room ထဲကို ရောက်လာတဲ့ အခါမှာ အသုံးပြုရတဲ့ Command အချို့ကို ထပ်မံ ဖော်ပြချင်ပါသေးတယ်၊ ကျွန်တော် သိသလောက်လေးပါ ... ထပ်ပြီး ရှိကောင်း ရှိနိုင်ပါတယ်။
အောက်ပါအတိုင်း ဖြစ်ပါတယ် -
/join RoomName Password (Chat Room သို့ ၀င်ရောက်ရန်)
/alias Nickname (မိမိ နှစ်သက်သလို နာမည်ပြောင်းရန်)
/list (Chat Room ထဲတွင် ရောက်ရှိနေသည့် လူဦးရေ ကိုကြည့်ရှုရန်)
/whisper Name (မိမိပြောလိုသည့် တစ်ဦးတည်းသာ မြင်စေ၊ သိစေရန်)
/leave (Chat Room ထဲမှ ထွက်ခွာရန်)
Ref:http://kzy1980.myanmarbloggers.org/
ပညာရေး
အရင်တုန်းက ... မူကြိုကျောင်း (၁)ကျောင်း၊ အ.မ.က(၁) မူလတန်းကျောင်း (၁)ကျောင်း နဲ့ အ.ထ.က(ယင်းမာပင်) အထက်တန်းကျောင်း (၁)ကျောင်း ... ဒါပဲရှိတယ်။
၁၉၉၂ ခုနှစ် လောက်က စပြီး အ.မ.က(၂) ဆိုတာ ထပ်ဖွင့်တယ်၊ နေရာကတော့ (ခ)ရပ်ကွက်ထဲမှာပဲ (အရင်က စာတိုက် ဟောင်း နေရာမှာပေါ့)။ ဒီတော့ (က)ရပ်ကွက်
(ကုလားတန်း လို့လည်း ခေါ်ကြတယ်) ဖက်က ကလေးတွေ အများဆုံးတက်ကြတယ်။ ၁၉၉၇ ခုနှစ်လောက်မှာ ဘုန်းတော်ကြီးစာသင်ကျောင်း (ဘ.က) ကို "ဇောတိကကျောင်းတိုက်"
ထဲမှာ ဖွင့်လှစ်နိုင်ခဲ့တယ်။ ဒီကျောင်းက လေးတန်းအထိရှိပြီး ငွေကြေး နွမ်းပါး တဲ့ ကလေးတွေနဲ့ စာသင်သံဃာတော်တွေ အတွက် ရည်ရွယ်ပါတယ်။
ဒါကြောင့် ယင်းမာပင်မြို့ပေါ်မှာတင် မူကြိုကျောင်း (၁) ကျောင်း၊ ဘုန်းတော်ကြီးသင် စာသင် ကျောင်း (၁) ကျောင်း၊ မူလတန်း ကျောင်း (၂)ကျောင်း [အ.မ.က(၁) နှင့် အ.မ.က(၂)] နဲ့
အထက် တန်း ကျောင်း (၁)ကျောင်း ရှိလာတယ် ဆိုပါတော့ ...။
အဲဒီနောက်ပိုင်း ... တခြားကျောင်းတွေအနေနဲ့ ဘာမှအပြောင်းအလဲ မရှိပေမယ့် မူလတန်း ကျောင်း (၂) ကျောင်း ဖြစ်တဲ့ အ.မ.က(၁) နဲ့ အ.မ.က(၂) ကတော့ မူလတန်းလွန်ကျောင်း
တွေအဖြစ် ပြောင်းလဲတိုးတက် လာခဲ့ပါတယ်။ ( "မူလွန်ကျောင်း" ဆိုတဲ့ အခေါ်အဝေါ်က နည်းနည်းတော့ စိမ်းပါတယ်၊ ပြောရရင် တစ်နှစ်ကို တစ်တန်းစီ တိုးသွားတာမျိုးပါ။)
အ.မ.က(၁)အနေနဲ့ ခုဆိုရင် ( ) တန်းထိ တိုးတက်လာပြီး ၊ အ.မ.က(၂) ကတော့ (၇)တန်း ထိ ရောက်နေပါပြီ။
နောက်ပြီး...ရွာသာရွာမှာ အလယ်တန်းကျောင်း တစ်ကျောင်းလည်း ရှိပါသေးတယ် (မူလတန်း ကနေ ရှစ်တန်းအထိပေါ့)။ ဘယ်တုန်းက စဖွင့်ခဲ့လဲဆိုတာတော့ မမှတ်မိဘူး ဖြစ်နေ ပါတယ်။
စာသင်ကျောင်း မဟုတ်ပေမယ့် အမျိုးသမီးရေးရာက ဖွင့်လှစ်ထားတဲ့ အမျိုးသမီး အိမ်တွင်းမှု ကျောင်း ကိုလည်း ထည့်တွက်မယ်ဆိုရင် ထည့်တွက်လို့ရပါတယ်၊ ဒီကျောင်းကို ၂၀၀၅ လောက်က ဖွင့်လှစ် ခဲ့တာပါ။
နေရာကတော့ အရင် စက်မှုလယ်ယာ ရုံးဝင်းရဲ့ မြောက်ဖက် ဆန်ဂိုဒေါင်ဟောင်းကြီး တွေ နေရာမှာပါ။
အခုလက်ရှိ ကျောင်းတွေနဲ့ ကျောင်းအုပ်ကြီးတွေရဲ့ အမည်စာရင်းတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ် -
| လက်ရှိ တာဝန်ထမ်းဆောင်နေသူများ ဖြစ်ပါသည် |
| ကျောင်းအမည် | ကျောင်းအုပ်အမည် |
| အ.ထ.က(ယင်းမာပင်) | ဦးဇော်ဝင်း (ယာယီ) |
| အ.မ.က(၁) | ဒေါ်အေးအေးမာ |
| အ.မ.က(၂) | ဒေါ်ဥမ္မာရွှေ |
| အ.လ.က(ရွာသာယာ) | - |
| ဘ.က | - |
| မူကြိုကျောင်း | မရှိ (ဆရာမ နှစ်ဦးသာရှိ) |
| အမျိုးသမီး အိမ်တွင်းမှုကျောင်း | ဒေါ်မြမြသင်း |
၂၀၀၃ခုနှစ် နောက်ပိုင်း သိသိသာသာ ပြောင်းလဲသွားတာ တစ်ခုကတော့ (၉)တန်း၊ (၁၀)တန်း ဘော်ဒါဆောင်တွေ တော်တော် ပေါလာတာပါပဲ။
(ခ-ရပ်ကွက် နဲ့ တိုးချဲ့ဖက်တွေမှာ အများဆုံး တွေ့ရ ပါတယ်။) မူလတန်း ကနေစပြီး ဆယ်တန်းထိ ကျူရှင်တွေ၊ Guideတွေ ရှိလာပြီး ကလေးတိုင်းလိုလို ကလည်း
ကျောင်းနဲ့ ကျူရှင် မနားတမ်း ပြေးနေကြရပါတယ်။ ယင်းမာပင်မြို့ပေါ်ရှိ နာမည်ရှိတဲ့ ဘော်ဒါဆောင် အချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-
| ဘော်ဒါအမည် | အုပ်ချုပ်သူ | နေရာ |
| မြင့်မိုရ် | ဦးမြင့်သန်းဦး | ခ-ရပ်ကွက်(ပါတီရုံးဟောင်း) |
| EverGrade | ဦးထွေး | ခ-ရပ်ကွက် |
| အောင်ထက်အောင် | ဦးသိန်းထီ | ခ-ရပ်ကွက် |
| Golden | ဦး** | က-ရပ်ကွက် |
လူမှု့ရေး
ဝန်ထမ်းတွေ အများဆုံးနေထိုင်တဲ့ တောမကျမြို့မကျမြို့လေးမို့ ခေတ်နောက်ကျ မကျန်ခဲ့ သလို ခေတ်ရှေ့လည်း ပြေးမနေပါဘူး။ မြို့သူ မြို့သားအချင်းချင်းလည်း သိနေကြတာမို့
တစ်ခါ တစ်ခါ ရွာလေးနဲ့တောင် တူနေပါတယ်။
အရင်က လူမှုရေးကိစ္စတွေ ပေါ်လာတိုင်း ၀ိုင်းဝန်းအကြံပေး ကူညီတတ်ကြပေမယ့် ခု နောက်ပိုင်းမှာ နည်းနည်း စိမ်းသွားတယ်လို့ ခံစားရပါတယ်။ ခင်ရာခင်ကြောင်း တွေလောက်ပဲ
ရောက်လာ ကြပါတော့တယ်။ ဒါကလည်း နောက်တက်လာတဲ့ မျိုးဆက်သစ် လူငယ်တွေရဲ့ ခံယူချက် အပြောင်းအလဲကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
အဲဒီ နောက်တက်လူငယ်တွေဟာ ရှေးအစွဲအချို့ကို လျော့ချခဲ့ပါတယ်။ ဥပမာ- ဒီမြို့ပေါ်မှာ တိုက်မဆောက်ရဘူး၊ ဆောက်ရင် ဘာဖြစ်တယ် ညာဖြစ်တယ် . . . တို့ ၊ အမေရေယာဉ် ရဲ့
နယ်မို့ လှေကို "လှေ" လို့ မပြောရဘူး... "ခေါင်း" လို့ ပြောရမယ် တို့ ၊ ဒီမြို့နယ်သားဖြစ်ရင် တစ်နှစ်တစ်ခါ အမေရေယာဉ်နတ်နန်း ဆီလာပြီး ရေစင်ဆက်ရမယ် တို့ ..... ။
ဒါပေမယ့် ... ရန်ကုန်မှာနေတယ်၊ နိုင်ငံခြားသွားတယ် ဆိုတာနဲ့ ရမ်းသမ်းပြီး အထင်ကြီး ပစ်တတ်ကြတဲ့ အစွဲလေးတွေ တော့ ရှိဆဲပါပဲ။
စီးပွားရေး
ဝန်ထမ်းမြို့လေးဆိုတော့ စီးပွားရေးကို ဒီလောက်ကြီး အားစိုက်ခွန်စိုက် လုပ်ကြတဲ့သူတွေ မရှိလှပါဘူး။
ယင်းမာပင်ကနေ ညောင်ပင်ကြီးအထိ ပြေးဆွဲပေးနေတဲ့ "ရွှေယင်းမာ ကားလေး အသင်း"ဟာ
အခုနောက်ပိုင်း လုံးဝပျက်သလောက် ဖြစ်သွားပါတယ်။ ပုလဲမြို့နယ် ကားအသင်း တွေက ပုလဲကနေ မန္တလေးအထိ မှန်လုံကားတွေနဲ့ တိုက်ရိုက်ပြေးဆွဲလိုက်တာကြောင့် ဘယ်လိုမှ မယှဉ်နိုင်ဘူး ဖြစ်ကုန်တယ်။
ဒါကြောင့် ကားပိုင်ရှင်တွေလည်း ကုန်တင်ကားတွေဖက် ဦးလှည့်တဲ့သူ လှည့်၊ မှန်လုံကားတွေ ထပ်ဝယ်တဲ့သူဝယ် ဖြစ်ကုန်တယ်။
၂၀၀၄ခုနှစ် လောက်ကစပြီး ဓာတ်ဆီဆိုင်တွေကို အရှေ့ဖက် မြို့အ၀င်မှာ စနစ်တကျ ဖွင့်လှစ် နိုင်ခဲ့တယ်။ ( ဆိုင်ကယ်တွေကို အိမ်တိုင်းနီးပါး ၀ယ်နိုင်လာကြတာရဲ့ အကျိုးဆက်တစ်ခုပေါ့။
အဲဒါ ရဲ့ နောက်ဆက်တွဲတစ်ခုက ဆိုင်ကယ်ဝပ်ရှော့တွေပါ ပေါ်လာတာပါပဲ။)
အရင်က မန္တလေးနဲ့ မုံရွာကုတ် လိုင်းဖုန်းတွေကို သုံးနေရာကနေ GSMဖုန်းဆိုင်တွေ ပေါ်လာတယ်။ (အခုဆို ပြည်ပခေါ်ဆိုမှု့တွေ အထိပါ လွယ်ကူသွားပါပြီ။)
နှစ်ပေ၊ ရှစ်ပေစလောင်းတွေကိုလည်း အိမ်တွေ အတော်များများမှာ ၀ယ်တပ်လာကြတယ်။
နောက်... ရေခဲသေတ္တာ၊ မီးအား မြင့်စက်၊ မီးစက်၊ အင်ဗာတာ တွေကိုလည်း သုံးစွဲလာကြတယ်။ လူနေမှု့အဆင့်အတန်း အနည်းငယ် မြင့်တက်လာတဲ့ ပုံစံမျိုးပါ။
နှင်းဆီပန်းကို အဓိကထား စိုက်ပျိုးကြတဲ့ စိုက်ပျိုးရေးခြံတွေကို အခု နောက်ပိုင်းမှာ လုပ်ကိုင် လာကြတယ်။ နောက် - - - ရေထွက် သိပ်မကောင်းတဲ့ ရေကန်တွေမှာ ငါးမွေးတာကိုလည်း လုပ်ကိုင် လာကြတယ်။
အခြား ကြက်မွေးမြူရေးတို့ ၊ ကွမ်းစိုက်တာ တို့လည်း လုပ်နေကြဆဲပါပဲ။
နောက် ... သိသိသာသာ တိုးလာတာကတော့ လက်ဖက်ရည်ဆိုင်တွေ နဲ့ စိုက်ပျိုးရေး ဆေးပစ္စည်းဆိုင် တွေပါပဲ။ ဒီဂျစ်တယ်ဓါတ်ပုံဆိုင်၊ ကွန်ပျူတာစာစီနဲ့ မိတ္တူဆိုင်တွေပါ တွေ့လာရပါပြီ။
ဘာသာရေး
ယခင်က ဇောတိကကျောင်း၊ ရေ၀န်းကျောင်း၊ မာန်ဘရာကျောင်း၊ သီးပင်ကျောင်း ဆိုပြီး ဘုန်းကြီးကျောင်း (၄) ကျောင်းပဲ မြို့ပေါ်မှာ ရှိခဲ့တယ်။ ဦးစံပေါကျောင်း နဲ့
မိုးကုတ်ဝိပါဿနာကျောင်း တွေကို ထည့်မတွက်ဘူး ဆိုရင်ပေါ့ ---။
နောက်ပိုင်းမှာ ဦးစံပေါကျောင်းကို "တောရကျောင်း"လို့ အမည်ပြောင်းပြီး မယ်သီလရင် ကျောင်းတစ်ခုကိုပါ အဲဒီနားမှာ ထပ်ပြီး တည်ဆောက်ခဲ့ပါတယ်။
မိုးကုတ်ဝိပဿနာ ကျောင်းတိုက် ကတော့ သံတံတားကြီး အနောက်ဖက်ကနေ အရှေ့တိုးချဲ့ဖက် ကို ရွေ့သွားခဲ့ပါတယ်။
ထပ်ပြီးပေါ်လာတဲ့ ဘုန်းကြီးကျောင်းကတော့ "ရွှေပေါက်ပင်တောရကျောင်းတိုက်" ပါပဲ။ (နေရာ က မြို့အ၀င် ပေါက်ပင်ကူးတံတား အရှေ့ဖက်နားလေးမှာပါ။) ဒီကျောင်းတိုက်ကို ယခင်
"ဇောတိက ကျောင်းတိုက်" ကျောင်းထိုင်ဆရာတော် ဦးဌေးယျ ကပဲ တည်ထောင်သွားခဲ့တာပါ။ အဲဒီကျောင်းနဲ့ မျက်နှာချင်းဆိုင် လမ်းတစ်ဖက်မှာတော့ မယ်သီလရင် ကျောင်းတိုက်
တစ်ခု ထပ်ရှိပါသေးတယ်(နေရာ အတိအကျ ဆိုရင်တော့ ပေါက်ပင်ကူး မြို့ဦးစေတီနဲ့ ကပ်ရက်ပေါ့)။
ဒါကြောင့် ယင်းမာပင်မြို့ပေါ်မှာတင် မယ်သီလရင်ကျောင်းတိုက် (၂)ခု ရှိနေပြီ ဖြစ်ပါတယ်။ မြို့ပေါ်ကျေးရွာ နဲ့ ပြောင်းပြာကျေးရွာ ကြားမှာတော့ နောက်ထပ် မယ်သီလရင်ကျောင်းတိုက် တစ်ခု ရှိပါသေးတယ်။
မြို့နယ်တွင်းမှာလို့ ပြောရင်တော့ မယ်သီလရင်ကျောင်းတိုက် (၃)တိုက် ရှိသွားပြီ လို့ ပြောနိုင်ပါတယ်။
အခြားဘာသာဝင်များ အနေနဲ့ က-ရပ်ကွက်(ကုလားတန်း) ဘက်မှာတော့ အစ္စလမ်ဘာသာ ဘုရားဝတ်ပြုကျောင်း (ဗလီ) တစ်ခု ရှိပါတယ်။ ဂ-ရပ်ကွက်(တိုးချဲ့) ဖက်မှာလည်း သာသနာပြုနေတဲ့ ခရစ်ယာန်
သာသနာပြုအဖွဲ့ တစ်ဖွဲ့ ရှိပါတယ်။
Via:http://yinmarbin.blogspot.com/
Mom is there(or) Yinmarbin
...Called Yinmarbin
with
pleasant
Dreams
small Town
from away...
Special thanks to all persons who help me in searching the photos and history of Yinmarbin Town.
After deciding to write a blog about
Y
I
N
M
A
R
B
I
N
Town.
I faced with the problem that the www.blogger.com is burned by Goverment.So I wanted to give that idea up and disappointed with it.
My close friend Alinic advice me to do this thundering green image
Yinmarbin Logo
as a Favicon in Yinmarbinblog.
Now I have done Yinmarbin blog.But I cannot post in this blog recently.I create this page to collect the pages associated with Yinmarbin Town.
I have not tried to host this page yet,so I dont know it will be ok or not . May be ok.....!!!!!
Y
I
N
M
A
R
B
I
N
Town
A small town,Yinmarbin is situated in Monywa township,Monywa District, Sagaing division.
Most people are Goverment Servants.
I have lots of happy memories of my time in
Y
I
N
M
A
R
B
I
N
.
BY DayWalker
I do this HTML Text trick writing Yinmarbin blog.It is cool ! I mimic it from this site .
Sen. Trent Lott ☼
Via:
http://yinmarbin.blogspot.com
Via: http://yinmarbin.blogspot.com